ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် နည်းပညာနှင့် ပတ်သက်သည့် ကိစ္စရပ်မဟုတ်ပါ။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုသည့် စိတ်ကူးအယူအဆကို အထင်အမြင်လွဲမှားကြသည်မှာ အတော်အတန် အဖြစ်များတတ်ကြသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် နည်းပညာပြဿနာမဟုတ်ပါ။ စစချင်းကြည့်လိုက်ရင်တော့ နည်းပညာအရစွမ်းဆောင်နိုင်မှု အဖြစ် မြင်တတ်သည်။ သို့သော် အသေးစိတ် ထဲထဲဝင်ဝင် နှစ်ဝင် လေ့လာကြည့်ပါက နည်းပညာ၏ အခန်းကဏ္ဍသည် အရေးပါသော်လည်း ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် အရေးကြီးဆုံးသော ကဏ္ဍတစ်ခုမဟုတ်သည်ကို တွေ့ရှိနိုင်ပါသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် နည်းပညာအရ...
ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ၎င်းတို့အား မည်ကဲ့သို့ ဖြေရှင်းရမည်နည်း? ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် လုပ်ငန်းများ၏ သက်တမ်းနှင့် ယှဥ်ကြည့်လိုက်ပါက အင်မတန်နုနယ်သေးသော နယ်ပယ်တစ်ခုဖြစ်သည်။ အင်တာနက် (www) ၏ အခြေခံဖြစ်သော ARPANET ကို ၁၉၆၀ ခုနှစ်များကတည်းက ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် အများပြည်သူအသုံးပြုရန်အတွက် အခွင့်အရေးမရှိသေးပါ။ www ဟု ခေါ်သော World Wide...
မိမိလုပ်ငန်းက ဒီဂျစ်တယ် ခရီးရဲ့ ဘယ်နားရောက်နေပြီလဲ? လုပ်ငန်းများအနေဖြင့် မိမိတို့၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ ပရောဂျက်များကို အထောက်အလျောက်လုပ်နေကြလိမ့်မည်ဟု ယုံကြည်ပါသည်။ တစ်ချို့ကလည်း စနစ်တကျနည်းဗျူဟာချမှတ်ကာ ရှေ့သို့မှန်မှန် ခုတ်မောင်းနေကြသလို တစ်ချို့ကမူ ဖေးမမည့်သူ မရှိပဲ မြူမှုန်ထုကြားထဲတွင် ကမ်းမမြင်လမ်းမြင်လျှောက်လှမ်းနေကြရသည်၊ တစ်ချို့ကတော့ အစိတ်အပိုင်းတစ်ခုကို ဒီဂျစ်တယ်အသွင်ကူးပြောင်းပြီးသည်နှင့် ကျေနပ်လျက်ရှိကြသည်။ ဖော်ပြခဲ့သော ဖြစ်တတ်သည့် ဥပမာအချို့သည် လုပ်ငန်းရှင်များအနေဖြင့် ပြုလုပ်နေသော လုပ်ဆောင်ချက်များသည်...
ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းအား နည်းဗျူဟာအရ ချဥ်းကပ်ခြင်းနည်းများ ချဥ်းကပ်ခြင်းနည်းလမ်းများ စာရေးသူ၏ ဆောင်းပါးများတွင် ထပ်ခါထပ်ခါ ဖော်ပြထားသလို ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် အချိန်ယူ၊ အင်အားစိုက်ထုတ်ပြီး စိတ်ရှည်ရသော လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ ထို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းကို နည်းဗျူဟာအရ ပုံစံအမျိုးမျိုးဖြင့် ချဥ်းကပ်နိုင်သည်။ မိမိ၏ လုပ်ငန်းအမျိုးအစားနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း မဟာဗျူဟာ အပေါ်မူတည်၍ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအား ဖော်ပြပါ နည်းဗျူဟာများဖြင့် ချဥ်းကပ်နိုင်သည်။...
မဟာဗျူဟာကျကျ သင်ဘာတွေကို ဒီဂျစ်တယ်အသွင်ပြောင်းလို့ရသလဲ? ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုလေ့ရှိကြပြီး လုပ်ငန်းအမျိုးအစား၊ အရွယ်အစား၊ လုပ်ငန်းသဘာဝပေါ်မူတည်၍ ပြောင်းလဲမှုများလည်းရှိသည်။ ကမ္ဘာကျော် အကြံပေးကုမ္ပဏီများဖြစ်ကြတဲ့ Deloitte ၊ McKinsey နှင့် Bain တို့ကတော့ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းကို အမျိုးမျိုးအဓိပ္ပာယ် ဖွင့်ဆိုထားကြသည်။ Digital Transformation ဆိုတာဘာလဲ??? ဆောင်းပါးတွင် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းနှင့် ပတ်သက်၍ အနှစ်သာရရှင်းလင်းချက်အား ...
ဘယ်အချိန်မှာ လုပ်ငန်းကို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းစတင်လုပ်ဆောင်ရမလဲ??? လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းအား အဘယ်ကြောင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရမလဲ၊ ပြုလုပ်သင့်သလဲ၊ ဆိုတာကို ကွဲကွဲပြားပြား နားလည်သဘောပေါက်သော်လည်း အချိန်ကိုက်လုပ်ဆောင်ရန်အတွက် တွန့်ဆုတ်နေတတ်ကြသည်။ Risk ယူလည်းယူနိုင်ပြီး ယူလည်းယူရဲသည့်သူများအတွက်မူ မည်သည့်အချိန်သည် အချိန်ကောင်းဖြစ်သည်ဟု စဥ်းစားနေစရာမလိုပါ။ ထိုလုပ်ငန်းရှင်များကတော့ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဥ်ကို စတင်ပြီး လုပ်ဆောင်နေလောက်ပါပြီ။ သို့သော် အခုလက်ရှိတွင်...
ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဥ်အတွက် ခရီးပေါက်ဖို့ ဘယ်သူမှာတာဝန်အရှိဆုံးလဲ??? ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဟာ လုပ်ငန်းတစ်ခုအတွက် ဘက်ပေါင်းစုံမှ အထောက်အကူပေးပြီး အရင်က မရရှိခဲ့ဖူးသည့် အတွေ့အကြုံ၊ အခွင့်အရေးနှင့် ဖောက်သည်များကို ပေးစွမ်းနိုင်ပြီး ဝင်ငွေရရှိသည့်လမ်းများကိုလည်း တိုးပွားစေနိုင်သည့်အပြင် မိမိ လုပ်ငန်းအတွင်းတွင်လည်း အဆင့်မြှင့်တင်ပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ်လျှင် အချက်များစွာပြတ်သော မဟာဗျူဟာ တစ်ခုဖြစ်ပေသည်။ မိမိလုပ်ငန်းကနေလည်း လုပ်ငန်းနှင့် ဆက်စပ်နေသော Stakeholder တိုင်းအတွက် Value...
Digitisation၊ Digitalisation နှင့် Digital Transformation: ဘယ်ကစပြီး ဘာလုပ်ရမလဲ ???? Digital Transformation ဆိုသည့် စကားလုံး၏ အနှစ်သာရသည် အသုံးပြုသည့် (သို့) ဆောင်ရွက်သည့် လုပ်ငန်းစဥ်အပေါ်မူတည်၍ အင်မတန်မှ ကျယ်ပြန့်သည့် topic တစ်ခု ဖြစ်ပါသည်။ သို့သော် Digital Transformation သည် Rocket Science မဟုတ်ပါ။...
ဘာကြောင့် Innovation က အရေးကြီးတာလဲ? ယခုခေတ်တွင် နည်းပညာ တိုးတက်လာတာနှင့်အမျှ ကစားပွဲစည်းမျဥ်းများလည်း ပြောင်းလဲလာပြီး ဈေးကွက်ကို ကိုင်လှုပ်နိုင်တဲ့ disruptors များလည်း industry ပေါင်းစုံ၊ ဈေးကွက်ပေါင်းစုံမှာ အများအပြားပေါ်ပေါက်လာနေပါတယ်။ ထိုကဲ့သို့ ပေါ်ပေါက်လာမှုက industry တစ်ခုမှာ ရှိတဲ့ ပုံမှန်သမားရိုးကျ စီးပွားရေးလုပ်ငန်းငယ်များအတွက် ဈေးကွက်ထဲမှ ထွက်သွားရတာတွေ၊ ဈေးကွက်ထဲမှ ထွက်သွားရလုနီးပါး ရုန်းကန်ရတာတွေ...